အောက်တိုဘာ ၁၈ ရက်နေ့မှာ ဘာတွေဖြစ်ခဲ့တာလဲ။ ဒီကနေ့က သင့်မွေးနေ့လား? သင်နဲ့ တစ်ရက်တည်း မွေးခဲ့တဲ့ ဖွားဘက်တော် ကမ္ဘာကျော် ဘယ်သူတွေ ရှိတယ်ဆိုတာ သိချင်ပါသလား? လူ့ #သမိုင်း တလျှောက် နှစ်ပေါင်းများစွာမှာ ခုနှစ်မတူပေမဲ့၊ ဒီရက် ဒီလ အတိအကျနေ့ရက်မှာ ကမ္ဘာအနှံ့မှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတဲ့ ဒီနေ့ရဲ့ ထူးခြားမှု အဖြစ်အပျက်တွေကို ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ ၊
What happened on this Day in History?
၊
ဘီနာဇီရ် ဘွတ်တို့၏ ပြန်လည်ရောက်ရှိခြင်း
၂၀၀၇ – ပြည်ပတွင် နှစ်ရှစ်နှစ်ကြာ နေထိုင်ပြီးနောက် ဘီနာဇီရ် ဘွတ်တိုသည် ပါကစ္စတန်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုညနေခင်းတွင်ပင် သူမ၏ ယာဉ်တန်းအနီး၌ ကိုယ့်ကိုယ်ကိုယ် ဗုံးပေါက်ခဲ့ကြသူများကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ အပါအဝင် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသည်။ ဘီနာဇီရ် ဘွတ်တိုမှာမူ ဒဏ်ရာတစ်စုံတရာမရှိဘဲ လွတ်မြောက်သွားခဲ့သည်။
#မြန်မာနက်မီဒီယာ ဌာနက စုစည်းတင်ပြသည်။ Thanks to and all the credit goes to On This Day Pte. Ltd.
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
၊