နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဘာတွေဖြစ်ခဲ့တာလဲ။ ဒီကနေ့က သင့်မွေးနေ့လား? သင်နဲ့ တစ်ရက်တည်း မွေးခဲ့တဲ့ ဖွားဘက်တော် ကမ္ဘာကျော် ဘယ်သူတွေ ရှိတယ်ဆိုတာ သိချင်ပါသလား? လူ့ #သမိုင်း တလျှောက် နှစ်ပေါင်းများစွာမှာ ခုနှစ်မတူပေမဲ့၊ ဒီရက် ဒီလ အတိအကျနေ့ရက်မှာ ကမ္ဘာအနှံ့မှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကော သင် သိပါသလား?၊
What happened on this Day in History?
၊ဟာရှေးစက်မှုလက်မှုသိပ္ပံကျောင်း
၁၉၀၉ ခုနှစ်တွင် အမေရိကန် ချောကလက်လုပ်ငန်းရှင် မီလ်တန် အက်စ် ဟာရှေးနှင့် ၎င်း၏ဇနီး ကက်သရင်းတို့သည် လယ်ယာမြေ ၄၈၆ ဧက လှူဒါန်းကာ “ဆင်းရဲသော၊ ကျန်းမာသော၊ လူဖြူ အရွယ်ရောက်သူ မိဘမဲ့ကလေးငယ်များ” အတွက် ဟာရှေးစက်မှုလက်မှုသိပ္ပံကျောင်းကို စတင်တည်ထောင်ခဲ့သည်။ ထိုကျောင်းသည် အသက် ၁၈ နှစ်အထိ နေစရိတ်၊ စားစရိတ်နှင့် ပညာရေးကို ထောက်ပံ့ပေးခဲ့သည်။
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
၊