ဒီဇင်ဘာ ၄ ရက်နေ့မှာ ဘာတွေဖြစ်ခဲ့သလဲ။ ဒီကနေ့က သင့်မွေးနေ့လား? သင်နဲ့ တစ်ရက်တည်း မွေးခဲ့တဲ့ ဖွားဘက်တော် ကမ္ဘာကျော် ဘယ်သူတွေ ရှိတယ်ဆိုတာ သိချင်ပါသလား? လူ့ #သမိုင်း တလျှောက် နှစ်ပေါင်းများစွာမှာ ခုနှစ်မတူပေမဲ့၊ ဒီရက် ဒီလ အတိအကျနေ့ရက်မှာ ကမ္ဘာအနှံ့မှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကော သင် သိပါသလား?၊
What happened on this Day in History?
၊ရေပြင်ပေါ်က မီးခိုးတွေ
၁၉၇၁ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ၊ Montreux မြို့ရှိ Montreux Casino ဟိုတယ်သည် Frank Zappa နှင့် The Mothers of Invention တို့၏ ဖျော်ဖြေပွဲတစ်ခုအတွင်း ပရိတ်သတ်တစ်ဦးမှ မီးလက်နက်ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးခဲ့သည်။ ဤဖြစ်ရပ်သည် ရော့ခ်ဂီတအဖွဲ့ Deep Purple ၏ “Smoke on the Water” သီချင်းကို စေ့ဆော်ဖန်တီးခဲ့သည်။
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
၊