ဒီဇင်ဘာ ၃၀ မှာ ဘာတွေဖြစ်ခဲ့တာလဲ။ ဒီကနေ့က သင့်မွေးနေ့လား? သင်နဲ့ တစ်ရက်တည်း မွေးခဲ့တဲ့ ဖွားဘက်တော် ကမ္ဘာကျော် ဘယ်သူတွေ ရှိတယ်ဆိုတာ သိချင်ပါသလား? လူ့ #သမိုင်း တလျှောက် နှစ်ပေါင်းများစွာမှာ ခုနှစ်မတူပေမဲ့၊ ဒီရက် ဒီလ အတိအကျနေ့ရက်မှာ ကမ္ဘာအနှံ့မှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကော သင် သိပါသလား?၊
What happened on this Day in History?
၊John Wanamaker Store
၁၉၁၁ ခုနှစ်တွင် Philadelphia ကုန်သည် John Wanamaker ၏ အဓိကစျေးဆိုင်ကြီးကို အမေရိကန်သမ္မတ William Howard Taft က တရားဝင်ဖွင့်လှစ်ပေးအပ်ခဲ့သည်။ ဗိသုကာပညာရှင် Daniel H. Burnham ဒီဇိုင်းရေးဆွဲထားသော ဖလောရင့်စတိုင်လ်အဆောက်အဦသည် ဆိုင်ခန်း ၁၂ ထပ်အနက် ၉ ထပ်အထိ ရောင်းဝယ်ဖောက်ကားရေးအတွက် အသုံးပြုထားပြီး ကမ္ဘာ့အကြီးဆုံး ပိုက်အော်ဂန်တူရိယာနှင့် လူကြိုက်များသော စုဝေးရာနေရာတစ်ခုအဖြစ် မကြာမီထင်ရှားလာမည့် ကြေးဝါရွှေလင်းယုန်ရုပ်တုကြီးတို့ကို ထားရှိသည့် ခန်းမကြီးတစ်ခုလည်း ပါဝင်သည်။
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
၊