ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဘာဖြစ်ခဲ့သနည်း။ ဒီကနေ့က သင့်မွေးနေ့လား? သင်နဲ့ တစ်ရက်တည်း မွေးခဲ့တဲ့ ဖွားဘက်တော် ကမ္ဘာကျော် ဘယ်သူတွေ ရှိတယ်ဆိုတာ သိချင်ပါသလား? လူ့ #သမိုင်း တလျှောက် နှစ်ပေါင်းများစွာမှာ ခုနှစ်မတူပေမဲ့၊ ဒီရက် ဒီလ အတိအကျနေ့ရက်မှာ ကမ္ဘာအနှံ့မှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကော သင် သိပါသလား?၊
What happened on this Day in History?
၊မက်ဇီမီလီယန် ဒုတိယမြောက် ဂုဏ်ပြုလွှာဆက်သခြင်း
၁၅၆၈ အေဒြီယာနိုပယ် စာချုပ် – သန့်ရှင်းသော ရောမအင်ပါယာဘုရင် မက်ဇီမီလီယန် ဒုတိယမြောက်နှင့် အော့တ်တိုမန် စူလတန်စေလင်း ဒုတိယမြောက်တို့၏ ကိုယ်စားလှယ်များသည် ဟပ်စ်ဘတ်စ် မင်းဆက်နှင့် အော့တ်တိုမန် အင်ပါယာတို့ကြား ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန် ငြိမ်းချမ်းရေးအစီအစဉ်ကို သဘောတူညီခဲ့ကြသည်။ မက်ဇီမီလီယန်က ငွေကြေးဆုလာဘ် “လက်ဆောင်” ပေးအပ်ရန် သဘောတူပြီး ထရန်စီလ်ဗေးနီးယား၊ မော်လ်ဒိုဗာနှင့် ဝေါလာချီးယားဒေသများတွင် အုပ်ချုပ်ရေးအာဏာကို အော့တ်တိုမန်တို့အား ခွင့်ပြုပေးခဲ့သည်။
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
၊