မတ်လ ၂၅ ရက်နေ့မှာ ဘာတွေဖြစ်ခဲ့သလဲ။ ဒီကနေ့က သင့်မွေးနေ့လား? သင်နဲ့ တစ်ရက်တည်း မွေးခဲ့တဲ့ ဖွားဘက်တော် ကမ္ဘာကျော် ဘယ်သူတွေ ရှိတယ်ဆိုတာ သိချင်ပါသလား? လူ့ #သမိုင်း တလျှောက် နှစ်ပေါင်းများစွာမှာ ခုနှစ်မတူပေမဲ့၊ ဒီရက် ဒီလ အတိအကျနေ့ရက်မှာ ကမ္ဘာအနှံ့မှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကော သင် သိပါသလား?၊
What happened on this Day in History?
၊ဂီတသမိုင်း
၁၉၈၃ ခုနှစ်တွင် Motown စီးပွားရေးလုပ်ငန်း၏ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် Motown 25 ဖျော်ဖြေပွဲကို ကယ်လီဖိုးနီးယားပြည်နယ်၊ Pasadena မြို့ရှိ Civic Auditorium ၌ ထုတ်လွှင့်ရန်မှတ်တမ်းတင်ခဲ့သည်။ ပါဝင်ဖျော်ဖြေခဲ့သူများမှာ The Miracles၊ The Temptations၊ The Four Tops၊ Diana Ross နှင့် the Supremes၊ The Jackson 5 နှင့် Michael Jackson တို့ဖြစ်ပြီး Michael Jackson သည် သူ၏ “moonwalk” အက အသစ်ကို ပထမဆုံးအကြိမ် ပြသခဲ့သည်။
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
၊