ဧပြီ ၁၉ ရက်နေ့တွင် ဘာဖြစ်ခဲ့သနည်း။ ဒီကနေ့က သင့်မွေးနေ့လား? သင်နဲ့ တစ်ရက်တည်း မွေးခဲ့တဲ့ ဖွားဘက်တော် ကမ္ဘာကျော် ဘယ်သူတွေ ရှိတယ်ဆိုတာ သိချင်ပါသလား? လူ့ #သမိုင်း တလျှောက် နှစ်ပေါင်းများစွာမှာ ခုနှစ်မတူပေမဲ့၊ ဒီရက် ဒီလ အတိအကျနေ့ရက်မှာ ကမ္ဘာအနှံ့မှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကော သင် သိပါသလား?၊
What happened on this Day in History?
၊Cook Sights Australia
၁၇၇၀ ခုနှစ်တွင် ဗြိတိသျှ စူးစမ်းရှာဖွေသူ Captain James Cook သည် ဩစတြေးလျကို ပထမဆုံးမြင်တွေ့ခဲ့ပြီး သူ၏ မှတ်တမ်းစာအုပ်တွင် “ကျွန်ုပ်တို့ ယခုထိ မြင်ဖူးသမျှသော ဤမြေသည် အတော်အတန် နိမ့်ပါးပြီး တောင်ကုန်းများ မများလှ၊ ကျေးလက်ဒေသ၏ မျက်နှာပြင်သည် စိမ်းလန်းပြီး သစ်တောထူထပ်သော်လည်း ပင်လယ်ကမ်းခြေမှာ သဲဖြူဖြူများသာ ဖြစ်သည်” ဟု ရေးသားခဲ့သည်။
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
၊