ဧပြီလ ၃၀ ရက်နေ့မှာ ဘာဖြစ်ခဲ့သလဲ။ ဒီကနေ့က သင့်မွေးနေ့လား? သင်နဲ့ တစ်ရက်တည်း မွေးခဲ့တဲ့ ဖွားဘက်တော် ကမ္ဘာကျော် ဘယ်သူတွေ ရှိတယ်ဆိုတာ သိချင်ပါသလား? လူ့ #သမိုင်း တလျှောက် နှစ်ပေါင်းများစွာမှာ ခုနှစ်မတူပေမဲ့၊ ဒီရက် ဒီလ အတိအကျနေ့ရက်မှာ ကမ္ဘာအနှံ့မှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကော သင် သိပါသလား?၊
What happened on this Day in History?
၊အပြည်ပြည်ဆိုင်ရာ ဂျက်ဇ်ဂီတနေ့
၂၀၁၂ ခုနှစ်တွင် UNESCO သည် ပထမဆုံးသော အပြည်ပြည်ဆိုင်ရာ ဂျက်ဇ်ဂီတနေ့ကို ပါရီမြို့တွင် တစ်နေကုန်ကျင်းပသော အခမ်းအနား၊ New Orleans မြို့ရှိ Congo Square ၌ နေထွက်ဖျော်ဖြေပွဲနှင့် New York City ရှိ ကုလသမဂ္ဂဌာနချုပ်၌ နေဝင်ဖျော်ဖြေပွဲတို့ဖြင့် ကျင်းပခဲ့သည်။ ဖျော်ဖြေသူများတွင် Tony Bennett, George Benson, Terence Blanchard, Herbie Hancock, Hiromi, Angelique Kidjo, Lang Lang, Shankar Mahadevan, Hugh Masekela နှင့် Esperanza Spalding တို့ ပါဝင်ခဲ့သည် [1]
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
၊