no-style

သမိုင်းဆိုတာ ပြောင်းလဲမှုကို လေ့လာတဲ့ ပညာပါ။ အတိတ်ကို လေ့လာတာ မဟုတ်ပါဘူး။

\


သမိုင်းဆိုတာ အတိတ်ကို လေ့လာတာမဟုတ်ပါဘူး။

သမိုင်းဆိုတာ ပြောင်းလဲမှုကို လေ့လာတာပါ။

အရာရာတွေ ဘယ်လိုပြောင်းလဲလာသလဲဆိုတာကို လေ့လာတာပါ။


တစ်ခါတစ်ရံ လူတွေက သမိုင်းကိုလေ့လာရင် အတိတ်က လူတွေလုပ်ခဲ့တဲ့ အမှားတွေကို ရှောင်တတ်မယ်လို့ ထင်ကြပါတယ်။ ဥပမာ ကပ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်ရတဲ့ အခုလို အချိန်မျိုးမှာပေါ့။


ဒါပေမယ့် ဒီအတွေးက မှားပါတယ်။ ဘာကြောင့်လဲဆိုတော့ သမိုင်းထဲမှာ ဖြစ်ရပ်နှစ်ခုဟာ လုံးဝအတူတူ မရှိလို့ပါပဲ။


သမိုင်းရဲ့ တကယ့်တန်ဖိုးက ကျွန်တော်တို့ကို အတိတ်ကနေ လွတ်မြောက်စေဖို့ ပါ။

အတိတ်ကနေ လက်တစ်ဖက်က ကျွန်တော်တို့ရဲ့ ခေါင်းကို ဆုပ်ကိုင်ပြီး လမ်းကြောင်းတစ်ခုတည်းကိုပဲ ကြည့်ခိုင်းနေသလိုပါပဲ။


လူသားတို့ရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေဖြစ်တဲ့ လကမ္ဘာကို သွားတာ၊ အက်တမ်ကို ခွဲတာ၊ DNA ကို ဖော်ထုတ်တာတွေဟာ... ဘယ်တော့မှ တစ်ဦးတည်း (သို့) အသေးစားအုပ်စုလေးတစ်ခုရဲ့ လုပ်ဆောင်ချက်မဟုတ်ပါဘူး။


လူမျိုးချစ်စိတ် ဟာ လူသန်းပေါင်းများစွာကို ပူးပေါင်းဆောင်ရွက်နိုင်အောင် စွမ်းဆောင်ပေးပါတယ်။


ဒီမှာ မေးရမယ့် အဓိကမေးခွန်းက “ ဘယ်သူတွေ ဒုက္ခရောက်နေသလဲ ” ဆိုတာပါပဲ။

“လူမျိုး” ဆိုတဲ့ အယူအဆကြီးက ဒုက္ခမရောက်နိုင်ပါဘူး။ ဒုက္ခရောက်နိုင်တာက လူသားတွေ ပါ။


ဒါကြောင့် လူသားတွေဟာ အစစ်အမှန်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ မမေ့သင့်ပါဘူး။


AI တော်လှန်ရေးရဲ့ အကျိုးကျေးဇူးတွေကို...

သက်တမ်းကုန်ပြီဖြစ်တဲ့ လူအနည်းငယ်နဲ့ ကုမ္ပဏီကြီးတွေကပဲ လက်ဝါးကြီးအုပ်မလား။ (သို့) လူသန်းပေါင်းများစွာ၊ ဘီလီယံပေါင်းများစွာကို အသုံးမကျတဲ့ လူတန်းစားအဖြစ် တွန်းချမလား။

ဒါမှမဟုတ်... လူတိုင်း အကျိုးခံစားရအောင် ကျွန်တော်တို့ လုပ်ဆောင်ကြမလား။



Previous Post Next Post