no-style

ဇွန်လ ၁ ရက်နေ့မှာ ဘာဖြစ်ခဲ့သလဲ။

ဇွန်လ ၁ ရက်နေ့မှာ ဘာဖြစ်ခဲ့သလဲ။ ဒီကနေ့က သင့်မွေးနေ့လား? သင်နဲ့ တစ်ရက်တည်း မွေးခဲ့တဲ့ ဖွားဘက်တော် ကမ္ဘာကျော် ဘယ်သူတွေ ရှိတယ်ဆိုတာ သိချင်ပါသလား? လူ့ #သမိုင်း တလျှောက် နှစ်ပေါင်းများစွာမှာ ခုနှစ်မတူပေမဲ့၊ ဒီရက် ဒီလ အတိအကျနေ့ရက်မှာ ကမ္ဘာအနှံ့မှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကော သင် သိပါသလား?

What happened on this Day in History?

Amazing Grace

1972 ခုနှစ်တွင် Atlantic Records မှ အမေရိကန်အဆိုတော် Aretha Franklin ၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု နှစ်ဆအယ်လ်ဘမ် “Amazing Grace” ကို Los Angeles ရှိ New Temple Missionary Baptist Church ၌ အသံသွင်းတင်ဆက်ကာ ထုတ်ဝေခဲ့သည်။ ဝေဖန်ရေးသမားများနှင့် စီးပွားရေးအရ အောင်မြင်မှုရရှိခဲ့ပြီး 1973 Grammy Award ဆု Best Soul Gospel Performance ကို ရရှိကာ အမေရိကန်တွင် မိတ္တူနှစ်သန်းကျော် ရောင်းချရပြီး သူမ၏ အနုပညာသက်တမ်းတစ်လျှောက် အရောင်းရဆုံးဖြစ်ကာ ယနေ့အထိ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သော ဂေါ်စပယ်ဂီတအယ်လ်ဘမ်များတွင် အရောင်းရဆုံးလည်းဖြစ်သည်။

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

Previous Post Next Post