ဇွန်လ ၃ ရက်နေ့မှာ ဘာဖြစ်ခဲ့လဲ။ ဒီကနေ့က သင့်မွေးနေ့လား? သင်နဲ့ တစ်ရက်တည်း မွေးခဲ့တဲ့ ဖွားဘက်တော် ကမ္ဘာကျော် ဘယ်သူတွေ ရှိတယ်ဆိုတာ သိချင်ပါသလား? လူ့ #သမိုင်း တလျှောက် နှစ်ပေါင်းများစွာမှာ ခုနှစ်မတူပေမဲ့၊ ဒီရက် ဒီလ အတိအကျနေ့ရက်မှာ ကမ္ဘာအနှံ့မှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကော သင် သိပါသလား?
၊
What happened on this Day in History?
၊ထွက်မြောက်ရာ
၁၉၇၇ ခုနှစ်တွင် Island Records မှ Bob Marley & the Wailers ၏ နဝမမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်သော “Exodus” ကို ထုတ်ဝေခဲ့သည်။ ‘Jamming’, ‘Waiting In Vain’, ‘Three Little Birds’ နှင့် ‘One Love’ စသည့် နာမည်ကြီးသီချင်းများပါဝင်ကာ ၁၉၉၉ ခုနှစ်တွင် Time မဂ္ဂဇင်းမှ ရာစုနှစ်၏ အကောင်းဆုံးအယ်လ်ဘမ်အဖြစ် သတ်မှတ်ခဲ့သည်။
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
၊